ကဗျာ

Saturday, September 11, 2010

သင်၏လက်ဖြင့်


သင်၏လက်ဖြင့်

ကလေးငယ်ရဲ့ မျက်ရည်ကို

သုတ်ပေးလိုက်ပါ။

သင်၏လက်ဖြင့်

အဖေနဲ့အမေကို ထမင်းခွံပါ။


သင်၏လက်ဖြင့်

အားငယ်သူရဲ့ လက်အစုံကို

ဆုပ်ကိုင်ပါ။


ငတ်မွန်းသူကို

သင်၏လက်ဖြင့်

ဝေငှပါ။


ဥယျာဉ်တွေပျိုးပြီး

ပန်းတွေမချိုးပါနဲ့

သင်၏လက်ဖြင့်

ကမ္ဘာကြီး စိုပြည်ပါစေ သာယာပါစေ

ချမ်းမြေ့ပါစေ။ ။

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity