ကိုယ်မျက်နာကို
လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲဝင်ငိုခဲ့
ရှိုက်ကြီးတငင်။
ငိုသံကိုအပြင်လူကြားမှာ စိုးတာနဲ့
ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။
ပါးပြင်မှာပူနွေးနွေး
ရေသံမှာ တစ်စက်ကလေး
ခံစားချက် မရှိခဲ့ဘူး။
လူဖြစ်လျက်နဲ့ ဆုံးရှုံခဲ့ရတဲ့
ဘဝရယ်................
ကိုယ်မမြင်ခဲ့ရတဲ့ တောင်စွယ်မှာ
နှင်းတွေ ဝေတုန်းပဲလား။.................
No comments:
Post a Comment