ကဗျာ

Saturday, September 11, 2010

စေ့စပ်ပွဲ

တကယ့်ကို သံခင်းတမန်ခင်း

ရင်းရင်းနှီးနှီးကြီးကို

ဖန်ခွက်ချင်းထိလိုက်တဲ့အသံ

ရင်ထဲကရေခဲတုံးလေး

နည်းနည်းမြုတ်သွားတယ်


ပြီးတော့

တရှိန်ထိုး မော့မချခင်

စကားလုံးတွေက နှုတ်ခမ်းပေါ်တစ်ရွရွတက်

မျက်လုံးချင်းပြုံးလိုက်ပုံများ

စားပွဲတစ်ခုလုံး

သူ့အမုန်းကိုယ်မြည်း ကိုယ်အမုန်းသူမြည်းနဲ့

ပွဲသာပြီးသွားတယ်

ဘယ်သူမှ အကယ်ဒမိမရလိုက်ဘူး။

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity