ကဗျာ

Sunday, September 19, 2010

အရောင်

အရောင်သည်.............
ကတိတစ်ခုမဟုတ်သောကြောင့်
ဖောက်ဖျက်သွားမှာမစိုးရိမ်ရ။
အရောင်သည်..........
မျှော်လင့်ချက်တစ်ခုမဟုတ်သောကြောင့်
အလိုဆန္ဒမပြည်ဝမှာ မပူပင်ရ။
အရောင်သည်.....လေးစားရမည်
အရည်ချင်းတစ်ခုမဟုတ်သောကြောင့်
ဟန်ဆောင်မှုကွာကျသွားမှာကိုမစိုးရိမ်ရ။
အရောင်သည် ရိုးစင်းစွာပင်
အရောင်တစ်ခုဖြစ်သည်။

အတ္တဘုရင်

ငါတစ်လုံးမာန်နှင့်
ကမ္ဘာမုန်းရန်ပြူကျင့်သူ
အတုအစစ် သူမသိ
ငါဟုသည့် စိတ်တစ်ခုနှင့်
စက်ဆုပ်ရွံရှာဖွယ်ရာလူ။
တစ်မိုးအောက် တစ်ယောက်ပင်ထင်
ငါ့အာဏာပင် မလိုက်နာပါက
သူ့နေရာကနှင်လေသူ။

ငါ့အာဏာငါ့ပါဝါနှင့်
ငါ့နေရာ ငါ့စည်းကမ်း
ငါ့ထီးနန်း ငါသာပိုင်
ဘယ်သူပြိုင်ပြိုင် ငါပဲနိုင်ရမည်။

ပြည်ပနိုင်ငံ မစွတ်ဖတ်ရ
စွတ်ဖက်လာသူ တို့ရန်သူ
အသွင်မတူရင် အူ ထုတ်
စွပ်ပြုတ်လုပ် သောက်မည့်သူ။

အများမုန်းသည့် ကျင့်ထုံးတွေနဲ့
အာဏာသုံး၍နှိက်စက်သူ
ဇမ္ဗူတစ်ခွင် ငါ့ အယူနှင့်
မယ်တော်တစ်ဆူ သခင်မကို
အပြစ်မဲ့စွာ အကျဉ်းချသူ။

သတင်းမလှသင့်ဘဝကို
အသင်နေဌာန ကမ္ဘာကဆန္ဒမပြခင်
သင့်ကိုသင်ပင် ကောင်းအောင်ပြင်လော့။ ။

Saturday, September 18, 2010

မြန်မာတိုင်းရင်း ဆေးမြီးတို

သွေးတိုးကျဆေး
အသက်(၄၀)ကျော်လာပါက သွေးတိုးရောဂါရရှိတက်ပါသည်
အဆီများ၍ အဝလွန်သူများတွင် ရာနှုန်းပြည့်သွေးတိုးရောဂါ
ဖြစ်နေပါသည်
အစပထမတွင် သွေးတိုး၍တိုးမှန်းမသိကြပါ။ဆရာဝန်နှင်ရောဂါစစ်ကြည့်မှ
သွေးချိန်ကြည့်မှ သွေးတိုးကြောင်းသိရပါသည်
နောက်ပိုင်းတွင်ကား ခေါင်းမူးဝေဝေနေခြင်း၊မျက်နာအန်း၍မျက်ခုံးလေးခြင်း
ကိုယ်လက်လေလံထိုင်းမှိုင်းခြင်းများက သွေးတိုးနေ၍ ဖြစ်ပါသည်။
သွေးတိုးပါကဆေးနည်းမှာ
ဒန့်သလွင်ပင်မှ အခေါက်ကိုဓားနှင့်ခွာ၍ လက်မဖျားခန့်(မန်ကျည်းစေ့ခန့်)
ဝါး၍ရသောအရည်ကို မျိုချပါ။အနည်းငယ် ပူစပ်ခါး အရသာရှိပါမည်။
ဝါးမျိုချပြီး မိနစ်(၂၀)ခန့်တွင် သွေးတိုးကျသွားပါမည်။အခေါက်ဖက်များကို
ထွေးထုတ်လိုက်ပါ။ငွေကုန်ကြေးကျမရှိ လူမပင်ပန်းသော လက်တစ်လော
သွေးတိုးကျဆေး ဖြစ်ပါသည်။ ။
ကောင်းထက်(ချောင်းနက်)


နားပြည်ယို
ရွှေဖရုံပင်မှ ရွက်ညှာရိုးကို မီးနွေးနွေးတွင်ကင်၍ ပြည်ယိုကိုက်ခဲနေသော
နားအတွင်းသို့ အရည်ကို ညှစ်ထည့်ပေးရပါမည်။
မည်မျှပင် ကိုက်ခဲနာကျင်၍ နားပြည်များယိုနေပါစေ တစ်နေလျှင်နှစ်ကြိမ်ခန့်
ပြူလုပ်ပေးလျှင် နှစ်ရက်သုံးရက်အတွင်းပျောက်ကင်းနိုင်ပါသည်။
ချမ်းမြေ့ထွန်း(စစ်ကိုင်း)



ပွေး ညှင်း တင်းတိတ်
ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့
သူတွေပါပဲ။စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ
အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊မျက်နာပြရခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး
လိမ်းကြည့်ပါ။
ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။
ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။
ပြီးရင် ကြွေပုဂံလုံထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့
ရောဖျော်ပါ
သင့်ရဲ့ ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ဝက်ခြံဖုကို လိမ်းပေးပါ
တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။
ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီးအိပ်ပါ။
ငါးရက်
လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေ
ရှိစွာ လှပနေပါလိမ့်မယ်။
မယုံမရှိပါနဲ့။လက်တွေ့ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီး
လက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။မြေမိုးချစ်(နက်မောက်)

Monday, September 13, 2010

နှစ်သက်မိသောဟာသလေးများ

ကျွန်တော်ဖက်ရတဲ့ဟာသလေးတွေထဲကကောင်းနိုးရာရာဟာသလေးတွေကို

ပြန်လည်ရေးသားလိုက်ပါသည်။


တံဆိပ်ခေါင်း

တိုင်းပြည် အကြီးကဲတစ်ဦးသည် မိမိနာမည်နှင့်ဂုဏ်ကိုမြင့်တင်ချင်သည့်အတွက်

ကိုယ်ပုံကိုယ်တံဆိပ်ခေါင်း အဖြစ်ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီး တစ်လအကြာ

ရောင်းအားကောင်းမကောင်း စာတိုက်သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးကဲ..........ငါပုံနဲ့ တံဆိပ်ခေါင်း ရောင်းအားကောင်းလားဟေ့

စာတိုက်မှုး.........ကောင်းပါတယ်။ဒါပေမယ်ကော်မကပ်ဘူးလို့ပြောကြတယ်

အကြီးကဲ..........မဖြစ်နိုင်တာ။ကိုယ်တိုင် တံဆိပ်ခေါင်းတစ်ခုကိုယူပြီး
နောက်ကြောကို

...................တံတွေးထွေးကာ စာအိပ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

...................ကပ်တာမှမြဲနေတာပဲ။

စာတိုက်မှုး.........ဟုတ်ကဲ့။သူတို့က တံတွေးကို
တံဆိပ်ခေါင်းရှေ့မှာ
ဆွတ်ကြလို့ပါ


မကောင်းမြင်ဝါဒ

တစ်ခါကမကောင်းမြင်ဝါဒရှိတဲ့ ဆရာနဲ့သူတစ်ပည့်တစ်ယောက် အတူနေထိုင်ကြသတဲ့

တစ်နေ့ ဆရာတစ်ရားထိုင်နေတုန်း တစ်ပည့်အိမ်ပေါ်တက်တာ ခြေသံ

နည်းနည်းကြမ်းသွားသတဲ့။

ဒိတော့မကောင်းကွက်ကြည့်ကိုသာကြည်းလေ့ရှိတဲ့ဆရာက-

" ဒီလောက် ခြေသွားကြမ်းတာ
တစ်တောင်းစား ဖြစ်မယ့်ကောင်တဲ့
"

ဒါနဲ့ တစ်ပည့်လုပ်သူက နောက်တစ်ခါအကြောင်းရှိလို့ အိမ်ပေါ်တက်တဲ့အခါ

ဖြေသံမကြားအောင် ခြေဖျားထောက်ပြီး ဖွဖွလေးသွားတယ်။ဒါကိုလည်း

ဆရာသမား အပြစ်ပြောလိုက်ပုံက-

သွားတာက ရိုးရိုးတန်းတန်းသွားတာမဟုတ်ဘူး။သူခိုးသွားသွားနေတယ်"


လိုရင်း

မလေးရှားမှ ဒကာတစ်ဦးသည် ရွာမှဆရာတော်အား သတိတစ်ရစာများ

ထွေရာလေးပါး စီကာပတ်ကုံး ရေးကာဆရာတော်အားပို့လေသည်။

သို့သော် ဆရာတော် စာပြန်ထည့်တိုင်း လိုရင်းဖြစ်နေ၍ ဖတ်၍မဝဖြစ်လေ၏

ဒကာရေးတဲ့စာက ၄၊၅ မျက်နာ။ဆရာတော်စာပြန်သည့်က ဘယ်တော့မှ

တစ်မျက်နာထက် မကျော်ခဲ့ပေ။ဒကာဖြစ်သူက ဆရာတော်အား အမျက်ရှ၍

သူထက်ငါစာတိုအောင်ရေးမည်ဟုစဉ်းစားကာ-

ဘုန်းဘုန်းနေကောင်းလား" စာတစ်ကြောင်းသာရေး၍ စာထည့်ပြီး
ပြန်စာကို

မမျှော်လင့်ပဲ့ ရှိနေ၏။

တစ်ပတ်ကြာသောအခါ ဆရာတော်ထံမှ စာတစ်စောင်လာ၍ဖက်ကြည့်သောအခါ

အေး" ဟုတစ်လုံးတည်းသာဖြစ်လေသည်။

လေ့လာသွားသောသူငယ်ချင်း ပြုံးတော်မှုနိုင်ပါစေ.............................. :)

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity