ကဗျာ

Saturday, September 11, 2010

လမ်းခွဲဘူတာ

အချိန်မရေရာတဲ့

ရထားတစ်စင်းကို

သမုဒယနဲ့ထိန်းချုပ်ရသူ

ကိုယ်ဟာ ဂတ်ဘိုတွဲက

ဂတ်ဘိုတစ်ယောက်

ကွင်းလယ်ဘောလုံးဒိုင်လို

အနီကတ် အဝါကတ်တွေ

မပိုင်ဆိုင်ပေမယ့်

အချစ်ကိုရပ်တန်ဖို့

ကိုယ်မှာ အလံနီနဲ့

အလံစိမ်းကို ပိုင်ဆိုင်တယ်။


ကောင်မလေးရေ..............

ကိုယ်ရင်ခုန်သံ တစ်ခုလုံး

ခုတ်မောင်းဆဲ

ရထားတွဲပေါ်က အိမ်သာလို

အပေါက်နဲ့တည့်အောင်

ထိုင်ဖို့ဆိုတာ

မငြိမ်သက်လှဘူး။

အချစ်ကိုတည့်အောင်ထိုင်ဖို့

မင်းရဲ့ကြားဘူတာလေးမှာ

အလံနီပြပြီး

ရပ်တန့်နိုင်ပေမယ့်

ရထားဟာ

ကားမဟုတ်လေတော့

ကြာကြာမရပ်နိုင်တဲ့ အဆုံး

ဝုန်း ခနဲခွဲခွာရတဲ့အခါ

ဘူတာလေးမှာ

ငါ............................

အလံချိုးခဲ့ရတယ်ကွယ်

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity