ကဗျာ

Friday, September 10, 2010

ဘဝတူ

မဖြစ်နိုင်တာကို တမ်းတ

မိုးပေါ်က လမင်းကိုမှ

လိုချင်ရသလား ကလေးရယ်.......


လိုတာမရလို့

ငိုချင်သပါ့ဆိုလည်း ငိုလိုက်ပါ

တားမည့်သူမရှိ သနားမယ့်သူမရှိ

ဟားမည့်သူကတော့ အပြည့်ပါပဲ.........


(ဒါဆိုငါကရော)

ငါလည်း မင်းလိုပါပဲ

လိုချင်တာမရလို့

ငိုလိုက်ချင်ပေမယ့်

တားမည့်သူမရှိ သနားမည့်သူမရှိ

ဟားမည့်သူကတော့ အပြည့်ပါပဲ.............။

1 comment:

Khin said...
This comment has been removed by the author.
မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity