ကဗျာ

Monday, September 13, 2010

နှစ်သက်မိသောဟာသလေးများ

ကျွန်တော်ဖက်ရတဲ့ဟာသလေးတွေထဲကကောင်းနိုးရာရာဟာသလေးတွေကို

ပြန်လည်ရေးသားလိုက်ပါသည်။


တံဆိပ်ခေါင်း

တိုင်းပြည် အကြီးကဲတစ်ဦးသည် မိမိနာမည်နှင့်ဂုဏ်ကိုမြင့်တင်ချင်သည့်အတွက်

ကိုယ်ပုံကိုယ်တံဆိပ်ခေါင်း အဖြစ်ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီး တစ်လအကြာ

ရောင်းအားကောင်းမကောင်း စာတိုက်သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးကဲ..........ငါပုံနဲ့ တံဆိပ်ခေါင်း ရောင်းအားကောင်းလားဟေ့

စာတိုက်မှုး.........ကောင်းပါတယ်။ဒါပေမယ်ကော်မကပ်ဘူးလို့ပြောကြတယ်

အကြီးကဲ..........မဖြစ်နိုင်တာ။ကိုယ်တိုင် တံဆိပ်ခေါင်းတစ်ခုကိုယူပြီး
နောက်ကြောကို

...................တံတွေးထွေးကာ စာအိပ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

...................ကပ်တာမှမြဲနေတာပဲ။

စာတိုက်မှုး.........ဟုတ်ကဲ့။သူတို့က တံတွေးကို
တံဆိပ်ခေါင်းရှေ့မှာ
ဆွတ်ကြလို့ပါ


မကောင်းမြင်ဝါဒ

တစ်ခါကမကောင်းမြင်ဝါဒရှိတဲ့ ဆရာနဲ့သူတစ်ပည့်တစ်ယောက် အတူနေထိုင်ကြသတဲ့

တစ်နေ့ ဆရာတစ်ရားထိုင်နေတုန်း တစ်ပည့်အိမ်ပေါ်တက်တာ ခြေသံ

နည်းနည်းကြမ်းသွားသတဲ့။

ဒိတော့မကောင်းကွက်ကြည့်ကိုသာကြည်းလေ့ရှိတဲ့ဆရာက-

" ဒီလောက် ခြေသွားကြမ်းတာ
တစ်တောင်းစား ဖြစ်မယ့်ကောင်တဲ့
"

ဒါနဲ့ တစ်ပည့်လုပ်သူက နောက်တစ်ခါအကြောင်းရှိလို့ အိမ်ပေါ်တက်တဲ့အခါ

ဖြေသံမကြားအောင် ခြေဖျားထောက်ပြီး ဖွဖွလေးသွားတယ်။ဒါကိုလည်း

ဆရာသမား အပြစ်ပြောလိုက်ပုံက-

သွားတာက ရိုးရိုးတန်းတန်းသွားတာမဟုတ်ဘူး။သူခိုးသွားသွားနေတယ်"


လိုရင်း

မလေးရှားမှ ဒကာတစ်ဦးသည် ရွာမှဆရာတော်အား သတိတစ်ရစာများ

ထွေရာလေးပါး စီကာပတ်ကုံး ရေးကာဆရာတော်အားပို့လေသည်။

သို့သော် ဆရာတော် စာပြန်ထည့်တိုင်း လိုရင်းဖြစ်နေ၍ ဖတ်၍မဝဖြစ်လေ၏

ဒကာရေးတဲ့စာက ၄၊၅ မျက်နာ။ဆရာတော်စာပြန်သည့်က ဘယ်တော့မှ

တစ်မျက်နာထက် မကျော်ခဲ့ပေ။ဒကာဖြစ်သူက ဆရာတော်အား အမျက်ရှ၍

သူထက်ငါစာတိုအောင်ရေးမည်ဟုစဉ်းစားကာ-

ဘုန်းဘုန်းနေကောင်းလား" စာတစ်ကြောင်းသာရေး၍ စာထည့်ပြီး
ပြန်စာကို

မမျှော်လင့်ပဲ့ ရှိနေ၏။

တစ်ပတ်ကြာသောအခါ ဆရာတော်ထံမှ စာတစ်စောင်လာ၍ဖက်ကြည့်သောအခါ

အေး" ဟုတစ်လုံးတည်းသာဖြစ်လေသည်။

လေ့လာသွားသောသူငယ်ချင်း ပြုံးတော်မှုနိုင်ပါစေ.............................. :)

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity