ကဗျာ

Saturday, September 18, 2010

မြန်မာတိုင်းရင်း ဆေးမြီးတို

သွေးတိုးကျဆေး
အသက်(၄၀)ကျော်လာပါက သွေးတိုးရောဂါရရှိတက်ပါသည်
အဆီများ၍ အဝလွန်သူများတွင် ရာနှုန်းပြည့်သွေးတိုးရောဂါ
ဖြစ်နေပါသည်
အစပထမတွင် သွေးတိုး၍တိုးမှန်းမသိကြပါ။ဆရာဝန်နှင်ရောဂါစစ်ကြည့်မှ
သွေးချိန်ကြည့်မှ သွေးတိုးကြောင်းသိရပါသည်
နောက်ပိုင်းတွင်ကား ခေါင်းမူးဝေဝေနေခြင်း၊မျက်နာအန်း၍မျက်ခုံးလေးခြင်း
ကိုယ်လက်လေလံထိုင်းမှိုင်းခြင်းများက သွေးတိုးနေ၍ ဖြစ်ပါသည်။
သွေးတိုးပါကဆေးနည်းမှာ
ဒန့်သလွင်ပင်မှ အခေါက်ကိုဓားနှင့်ခွာ၍ လက်မဖျားခန့်(မန်ကျည်းစေ့ခန့်)
ဝါး၍ရသောအရည်ကို မျိုချပါ။အနည်းငယ် ပူစပ်ခါး အရသာရှိပါမည်။
ဝါးမျိုချပြီး မိနစ်(၂၀)ခန့်တွင် သွေးတိုးကျသွားပါမည်။အခေါက်ဖက်များကို
ထွေးထုတ်လိုက်ပါ။ငွေကုန်ကြေးကျမရှိ လူမပင်ပန်းသော လက်တစ်လော
သွေးတိုးကျဆေး ဖြစ်ပါသည်။ ။
ကောင်းထက်(ချောင်းနက်)


နားပြည်ယို
ရွှေဖရုံပင်မှ ရွက်ညှာရိုးကို မီးနွေးနွေးတွင်ကင်၍ ပြည်ယိုကိုက်ခဲနေသော
နားအတွင်းသို့ အရည်ကို ညှစ်ထည့်ပေးရပါမည်။
မည်မျှပင် ကိုက်ခဲနာကျင်၍ နားပြည်များယိုနေပါစေ တစ်နေလျှင်နှစ်ကြိမ်ခန့်
ပြူလုပ်ပေးလျှင် နှစ်ရက်သုံးရက်အတွင်းပျောက်ကင်းနိုင်ပါသည်။
ချမ်းမြေ့ထွန်း(စစ်ကိုင်း)



ပွေး ညှင်း တင်းတိတ်
ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့
သူတွေပါပဲ။စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ
အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊မျက်နာပြရခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး
လိမ်းကြည့်ပါ။
ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။
ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။
ပြီးရင် ကြွေပုဂံလုံထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့
ရောဖျော်ပါ
သင့်ရဲ့ ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ဝက်ခြံဖုကို လိမ်းပေးပါ
တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။
ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီးအိပ်ပါ။
ငါးရက်
လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေ
ရှိစွာ လှပနေပါလိမ့်မယ်။
မယုံမရှိပါနဲ့။လက်တွေ့ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီး
လက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။မြေမိုးချစ်(နက်မောက်)

1 comment:

lucky october said...

စမ်းနေတာ

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity