ကဗျာ

Friday, September 10, 2010

မြန်မာရပ်ကွက်

ဒီစာလေးမရေးခင် TAMAN JAYA ကသူငယ်ချင်းတွေကို

ဦးစွာပထမ တောင်းပန်ပါရစေ တစ်ညသာလာလည်တဲ့

သူဖြစ်သောကြောင့် လိုအပ်တာလေးတွေရှိမှာပါ။

အင်တာနက်မှ သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်မှုကြောင့် သမင်ဂျာရာ

ဆိုတဲ့ မြန်မာရပ်ကွက်လေးကို lucky ရောက်ရှိသွားပါတယ်။ စိတ်ဝင်စား

ဖို့ကောင်းတာနဲ့ ကျွန်တော်အမြင်လေးကို ရေးသားလိုက်ပါတယ်။


အကောင်းမြင်(သို့)အလွမ်းပြေ


ရောက်ရောက်ခြင်း အိမ်အဝင် ၂"၁"ပေပတ်လည်ဆိုင်ဘုတ်လေးမှာ

ရေးထာတာက ပဲပြတ်ရပြီတဲ့လေ (လွှမ်းမိုးသီချင်း ထဲကလို မထားကို

သတိရ မိတာပေါ့)အဝေးရောက် မြန်မာများအတွက် မြန်မာအစာစာကို

ပိုပြီးနှစ်သက်မိတာ အာလုံးအသိပါပဲ ဒီလိုနဲ့ နေလယ်ရောက်တော့ သူငယ်ချင်း

ရေ မင်းကြိုက်တဲ့ဆိုင်ကိုပြော မြန်မာလိုမှာလို့ရတယ်တဲ့ တကယ်ပါပဲ

တရုတ်ဆိုင် မြန်မာဆိုင်အားလုံး နီးပါးမှာ မြန်မာတော်တော်များများရှိကြတော့

မြန်မာလိုပြောရတော့ အဆင်ပြေတာပေါ့ ဒီကြားထဲ လမ်းဘေးမှာ မုန့်ဟင်းခါးဆိုင်

တောင်ရှိပါသေးတယ် ပြောရင်ယုံမလားတော့ မသိဘူး ကွမ်းယာဆိုင် တိတ်တိတ်ပုန်း

ရောင်းတာမဟုတ်ဘူး ကားလမ်းမဘေးမှာ ထုံးအိုးနဲ့ ဗြောင်ရောင်းနေတာ lucky တောင်

ရင်းဂစ်၂ကျပ်ဖိုးအာပေးခဲ့သေးတယ် ညနေရောက်တော့ မြန်မာမလေးတွေ သွားလာနေ

ကြတာမြန်မာပြည်အတိုင်းပါပဲ သနပ်ခါးပါကွက်လေးနဲ့ပေါ့

မြန်မာမှန်းသိအောင် လုံချည်လေးတောင် ဝတ်ထားသေးရဲ့ သတိရမိပါပိ။

ဒိလိုနဲ့ ၃၀ ရက် မနက်၈ နာရီမှာ လေဆာသွားတိုက်ဆေးလေး

နဲ့တိုက် ပြီး မပြန်ခြင်လည်း ပြန်ခဲ့ရပါတယ်။ ။


တစ်မျိုးမြင်(ခေါ်မလား)အဆိုးမြင်ခေါ်မလား


မြန်မာ့ယဉ်ကျေးမှုကိုနှစ်သက်သော်လည်း နေရာ ဒေသ ကာလ

ပေါ်မူတည်သေးသည် သနပ်ခါးလို အသာရေထိန်းသိမ်းနိုင်မယ့်

ပစ္စည်းတွေလည်းပေါပါတယ် ဈေးနှုန်းကလည်းအတူတူပါပဲ အမျိုးသမီး

တင်မဟုတ်ပါ အမျိုးသားများလည်းအပါဝင် ကတ္တိပါဖိနပ်စီးတာတို့

ပုဆိုးဝတ်တာတို့ ရှိပါသေးတယ် ဘယ်လိုမှမသင့်တော်တဲ့ မြင်ကွင်းတွေပါပဲ

အိမ်မှာနေရင် ကိစ္စမရှိပေမယ့် အပြင်မှာရဲ့နဲ့ဖြေရှင်းရမယ့် ပြသနာတွေကို

မလေးရှားရောက် သူငယ်ချင်းအာလုံးကြုံဖူးမှာပါ ဒါကြောင်လည်း

၁၉၉၃ ကမြန်မာအကိုကြီးတွေ မြန်မာအားလုံးအတွက် စကားပုံလေးတစ်ခု

ထားခဲ့တာပေါ့ မလေးရှားမှာ (မဖြစ်သေးရင်ဘာမှမဖြစ်သေးဘူးတဲ့)

မှန်ပါတယ်ဖြစ်ပြီဆိုရင်းလည်း.......?

နောက်တစ်ခုက ningဆိုက်တော်တော်များများမှာ luckyအရမ်းလေးစားရတဲ့

ကဗျာဆရာ စာရေးဆရာတော်တော်များများဟာ မြန်မာမလေးတွေ ယဉ်ကျေးမှု

ကိုထိန်းသိမ်းဖို့ (မြန်မာမလေးတွေမြန်မာလို လှစေခြင် ၊မြန်မာမလေး)စတဲ့ခေါင်းစဉ်

တွေနဲ့ ရေးသားကြတဲ့ ပို့တော်တော်များများတွေရပါတယ်။ အဲ့ဘလော့တွေရေးသား

မယ့်အစား မြန်မာမလေးတွေနေရာဒေသပေါ် မူတည်ပြီး ယဉ်းကျေးမှုကို ထိန်းသိမ်း

ပေးပါလို့ ရေးသားပေးပါရန် လေးစားစွာတောင်းဆိုပါရစေဗျာ။

ပြီးတော့မြန်မာပြည်ရာသီဥတုက အရမ်းပူပါတယ် ဘုရားသွားကျောင်းတက်

ကလွဲရင် တစ်ခြားနေရာမှာ လုံချည်ဝတ်တယ်ဆိုတာ အဆင်ပြေမှာ မဟုတ်ပါဘူး

ဥပမာ(လူစည်ကားရာ လိုင်းကား၊ကားမှတ်တိုင်...)နေရာတွေမှာ လုံချည်ခဏခဏ

ဝတ်မယ်ဆိုရင် ပုရိသအမျိုးသား များအတွက်အမြင်မသင့်တော်ပါ။

ဆိုကြပါသေးတယ်ဗျာ ခေတ်ဆန်ရင် အန္တရယ်ကို ဖိတ်ခေါ်တာတဲ့ မဆိုင်ပါဘူး

လုံးဝကိုမဆိုင်ပါဘူး အဓိကက နေတက်ထိုင်တက်ဖို့ပါပဲ။ဝတ်တာရိုင်းရင် အမြင်ပါရိုင်း

တက်တယ်လိုမြန်မာပြည်က သူငယ်ချင်းတစ်ယောက်ပြောဘူးပါတယ်။

ူlucky လည်းပြန်ပြောပါရစေ မြင်နေကြမြင်ကွင်း တစ်ခုကို မြင်ပါများရင် မြင်နေတဲ့

အမြင်တွေအာလုံးဟာ ရိုးသွားမှာပါ.........တစ်နိုင်ငံလုံးအတိုင်းတာနဲ့ပေါ့........

လက်တွေ့ပါ ကျွန်တော်မလေးရောက်ကာစကပေါ့ တရုတ်မလေးတွေ

ဝတ်စားဆင်ယင်မှု နေထိုင်မှုတွေကိုကြည့်ပြီး စိတ်ကစားမိတာကအကြိမ်ကြိမ်

ကြာလာတော့လည်း ဟိုတစ်ယောက်ကြည့်တော့လည်းအလန်း တွေ့သမျှအလန်းဆိုတော့

အမြင်တွေကလည်းမဆန်းတော့ပါ

ခေတ်ဆိုတာ..ရှေ့ကိုအရမ်းပြေးရင်မကောင်းသလို့..နောက်ကိုလည်းပြန်မဆွဲသင့်ပါဘူး

မြန်မာမလေးများ နေရာဒေသပေါ်မူတည်ပြီး ဝတ်စားဆင်ယင်နိုင်ကြပါစေဗျာ

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity