ကဗျာ

Tuesday, August 10, 2010

ဆရာတော်ဦးဇော်တိက(တစ်စိမ့်စိမ့်တွေးမယ်)

ဘဝအတွက်ပြင်ဆင်နေရင်းနဲ့ပဲ
ဘဝဆိုတာကုန်သွားတယ်

ဘဝဆိုတာတိုတောင်းပါတယ် သူများမကောင်းကြောင်းတွေ
ထိုင်တွေးနေဖို့အချိန်မရှိပါဘူး

မနေ့ကငါထက် ဒီနေ့ငါက ပိုပြီးစိတ်ကောင်းထားမှသာ
ငါဘဝကို ငါ ကျေနပ်နိုင်မယ်

အချိန်ဆိုတာ အလကားရတာ မဟုတ်ဘူး
အချိန်ဆိုတာ ဘဝပဲ


သူတို့ကိုချုပ်ချယ်ထားမှ ကိုယ်အတွက်စိတ်အေးရမယ်လို့
တွေးတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားဖြစ်ပါတယ်


သူများမှားလို့ကိုယ်ခံရတာထက် ကိုယ်မှားလို့ကိုယ်ခံရတာပိုဆိုးပါတယ်

နိုးနိုးချင်းပထမဆုံး ဖြစ်လိုက်ရတဲ့စိတ်ဟာ သိနေတဲ့စိတ်ဖြစ်ပါစေ


လုပ်သင့်တာတွေကိုသိကြပါတယ်။ သိသလောက်ကို
လုပ်မယ်ဆိုရင်ပဲတော်တော် တိုးတက်မှာပါ


ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ် မိမိလုပ်တဲ့အလုပ်ကြောင့်
မိမိကိုယ်ကိုမိမိ ပူဇော်နိုင်ရမယ်၊လေးစားနိုင်ရမယ်

ဖြစ်မှာမဟုတ်ဘူးလို့ တွေးကြောက်ပြီးဘာမှမလုပ်သူဟာ
ဘာမှဖြစ်လာမှာမဟုတ်ဘူး

လုပ်သင့်တာကိုသာ ဆက်လုပ်နေပါ
ဖြစ်သင့်တာက ဖြစ်နေမှာပဲ

လွတ်လပ်မှုထဲမှာ စိတ်ရဲ့ငြိမ်းချမ်းမှုပါဝင်နေပါတယ်

သိနေတဲ့စိတ်ဟာ လွတ်လပ်နေတဲ့စိတ်ဖြစ်ပါတယ်

လိမ်ညာမှုတိုင်း လိမ်ညာမှုတိုင်းဟာ
စိတ်ကိုနှောင်ဖွဲနေပါတယ်၊ မလွတ်လပ်တော့ဘူး

လွတ်လပ်မှုဟာ လူမှုရေးတာဝန်သိမှုနဲ့
ဆက်စပ်နေတယ်

ကလေးတစ်ယောက်ကို သူကိုသူယုံကြည်မှုနည်းသွားအောင်
လုပ်လိုက်တာဟာ အညွန့်ချိုးလိုက်တာနဲ့ တူတယ်

ကိုယ့်ဘဝရဲ့စစ်မှန်တဲ့ အောင်မြင်မှုကို
ဲပြင်ပကနေတိုင်းတာပေးလို့ မရနိုင်ဘူး

အင်းအားကြီးတဲ့သူဟာ ပေးနိုင်တဲ့သူဖြစ်တယ်
အင်းအားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့သူဖြစ်တယ်

မာနသိပ်ကြီးသွားရင် အဖော်မဲ့သွားတယ်။ ။


ကျွန်တော်အလုပ်ထဲမှာဘယ်လောက်ပဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့
ဒီစာအုပ်လေးဖတ်ပြီးစိတ်ဖြေလိုက်ရတာတော်တော်လေး
ကျေနပ်မိပါတယ် စာအုပ်အမည်လေးကတော့
ဆရာတော်ဦးဇော်တိက(မဟာမြိုင်တောရ)
တစ်စိမ့်စိမ်တွေးမယ်
သိစရာတွေးစရာ
တန်းဖိုး။ ။(၆၀၀ကျပ်)စာအုပ်မှာပါတဲ့ဈေးနှုန်းပါ
(၇ ရင်းဂစ်)မလေးမှာရောင်းတဲ့ဈေးနှုန်းပါ

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity