ကဗျာ

Saturday, August 7, 2010

ငါရဲ့


အိပ်မရတဲ့

မလေးရှားညတွေမှာ

ဒဏ်ရာတွေနဲ့

တနင့်တပိုး ဖြစ်ခဲ့ဖူးတယ်


ရည်မှန်းချက်နဲ့

အနာဂတ်အုတ်မြစ်တွေလည်း

အဆင်မပြေတဲ့

မနက်ဖြန်တွေထဲမှာ

ဖရိုဖရဲ ပြိုလဲဖူးတယ်


မျှော်လင့်ချက်နဲ့

စိတ်ကူးယဉ် အိပ်မက်တွေလည်း

ကြောက်စရာကောင်းတဲ့

ညတွေထဲမှာ

အာရုံစောင့်ရင်း

မိုးလင်းခဲ့ဖူးတယ်


ကြိုးစားမှုတွေနဲ့

ဘဝရဲ့ခြေလှမ်းတွေလည်း

ကွေ့ကောက်တဲ့လမ်းတွေမှာ

မနင်းမနိုင်

ယိမ်းယိုင်ခဲ့ဖူးတယ်


ဒီအချိန်မှာ

အရာရာလိုတရစေဖို့

ဇော်ဂျီလို

တောင်ဝှေးတစ်ချောင်း

ရှိရင်လည်းကောင်းသား


ဒါပေမယ့်

ပန်ကောက်ဖို့ရောက်တဲ့အချိန်မှာ

ပန်းတွေမကြွေတော့ဘူး


အဲဒါ

မုသားမပါတဲ့

ငါရဲ့...........................................

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity