ကဗျာ

Thursday, August 5, 2010

ခေါင်းစဉ်မဲ့ ဘဝများ

ခေါင်းဆောင်ကောင်းတွေ
ပျောက်ကွယ်လာတော့

ခေါင်းစဉ်မဲ့ဘဝတွေများလာတယ်
လန်းလန်းဆန်းဆန်းပွင့်ရမဲ့ပန်းမျိုးစုံဟာ
လှိုင်သာယာ၊တောင်ဒဂုံ၊ရွှေပြည်သာ
စက်မှုဇုံဂရက်ကြောင့်
နိုက်ကလပ်တွေထဲစီးမျှေား

မြို့လယ်ခေါင်ရဲ့အလှပဟာလည်း
အရွယ်မရောက်သေးတဲ့
ညမွှေးပန်းတွေနဲ့
စည်ကားလို့

အချိန်မတန်ခင်
ခြံခုန်ထွက်ချင်တဲ့စိတ်ကြောင့်
ဆယ်ကျော်သက်
အိမ်ထောင်ရှင်မလေးတွေရဲ့
အနာဂတ်ဘဝတွေက
ရင်လေးစရာ

မိသားစုစရိတ်တွေ
ကြီးလာပုံက
ဖခင်တစ်ယောက်အင်အားနဲ့မမျှ
ဒီကြားထဲ
အလုပ်ကိုင်တွေကရှားမှရှား
ဝမ်းရေးကမနေသာတော့
ကျောင်းနေရမဲ့
အရွယ်မှာ
ခဲတံကိုင်ချင်ပေမယ့်
ပေါက်ပြားကိုင်ရတဲ့ဘဝမှာ
ဘယ်သူတွေမှာတာဝန်ရှိလဲ........?

ခေါင်းစဉ်မပြီပြင်တဲ့
ခေါင်းစဉ်က
ကဗျာကိုမလှပစေပါဘူး
ခေါင်းဆောင်မပီသတဲ့
ခေါင်းဆောင်အောက်က
ဘဝတွေကလည်း.................?
(ချောချောမောမောဖြစ်ဖို့မလွယ်ပါဘူး)

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity