ကဗျာ

Monday, August 2, 2010

စိတ်အိုက်တဲ့ တစ်နေ့တာ(သို့)မလေးမြေအနမ်း

အတိကျပြောရရင်

တိမ်တွေ ငိုချတဲ့တစ်နေကပေါ့


အဲ့ဒီနေက

စိတ်ရှုတ်တဲ့တွေးတွေက

အသိစိတ်တွေနဲ့အပြည့်

အလုပ်ရက်ကအပြည့်

ပေးလိုက်ရတဲ့ပါမစ်ကြေးနဲ့

အေးဂျင်းကဖြတ်တာကတစ်မျိုး

ကြားရတဲ့နိုင်ငံရေးသတင်းတွေကတစ်ဖုံ

မလုံခြုံတဲ့လုရက်မှုတွေကတန်လန်း


အဲ့တာကြောင့်

မလန်းဆန်းတဲ့ငါ့စိတ်တွေ

တစ်ခါတစ်လေ လူရမ်းကားဖြစ်မိ

ခေတ်ဆိုတာ မသိခဲ့သမျှ

မလေးမြေရဲ့ ပါးပြင်ကို

အောင့်သက်သက်နဲ့ ခပ်ဖွဖွလေးနမ်းမိလေရဲ့

1 comment:

LO said...

ကောင်းတယ်သူငယ်ချင်းနောက်လည်းေ၇းပေးနော်

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity